25 C
Yangon

မြင်းခြံမြို့နယ်၊ ဆင်းကွပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ မှု တိုက်နယ်ပကဖအဖွဲ့ဝင် တချို့ အပါအဝင် ပြည်သူ ၁၅ ဦး ခန့် ထိခိုက်သေဆုံး

Must read

မြင်းခြံမြို့နယ်၊ ဆင်းကွပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ မှု တိုက်နယ်ပကဖအဖွဲ့ဝင် တချို့ အပါအဝင် ပြည်သူ ၁၅ ဦး ခန့် ထိခိုက်သေဆုံး

ရန်ကုန် ၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းကွပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တိုက်နယ်ပကဖအဖွဲ့ဝင် တချို့ အပါအဝင် ပြည်သူ ၁၅ ဦး ခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ တလုပ်မြို့အနီး၊ မြင်းခြံ – ဆီးမီးခုံ ကားလမ်း ပေါ်ရှိ ဆင်းကွပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးသီး ၂ လုံးကျဲချပြီးနောက် ရဟတ်ယာဉ် တစ်စီးဖြင့် လှည်ပတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်နယ်ပကဖအဖွဲ့ဝင်များအပါအဝင် ပြည်သူ ၁၅ ဦးခန့် ထိခိုက်သေဆုံးမှုမရှိခဲ့ ကြောင်း သိရသည်။

“ပထမ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲပြီး နောက်တစ်ခါ ရဟတ်ယာဉ်နဲ့ ထပ်ပစ်တာ၊ သေတာက စုစုပေါင်း ၁၅ ယောက်လောက်ရှိတယ်၊ တိုက်နယ်ပကဖအဖွဲ့ဝင်တွေရယ်၊ လမ်းသွားလာပြည်သူတွေရယ် ၁၅ ယောက်လောက်ကျတာ၊ တိုက်ပွဲလည်းမရှိဘူး။ ရွာထဲမှာ ချသွားတာ။ နောက်ဆက်တွဲ အခြေနေ တော့ မသိရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article