32 C
Yangon

ချောင်းဦးမြို့နယ် လမ်းပိုင်း တစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ချောင်းဦးမြို့နယ် လမ်းပိုင်း တစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြားကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာ၌ စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြာကာ ကား ၆ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုတိယ အစီး ပဒေသာ မိုင်း ၂ လုံး ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်မှုတော့ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ခွေးကားတွေကို မိုင်းဆွဲတာ ဒုတိယ အစီးကိုတော့ ပဒေသမိုင်း ၂ လုံး ထိမှန်ခဲ့ပါတယ်” ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article