26 C
Yangon

မလေးရှားတွင် မြန်မာနိုင်ငံသား ရာနှင့်ချီ ဖမ်းဆီးခံနေရပြီး မြန်မာနိုင်ငံသားဖွင့်ထားသော ဆိုင်များ အပိတ်ခံနေရ

Must read

ရန်ကုန်| ဇန်နဝါရီ ၂၇

မလေးရှားနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများ ရာနှင့်ချီ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသား ဆိုင်များကိုလည်း ဝင်ရောက် ပိတ်သိမ်းခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ဂျလန်အာလောနှင့် ဘူကစ်ဘင်တန်း၊ ပီနန်း ကောင်တာ၊ ပါဟန်းပြည်နယ်၊ ကွမ်တန်း၊ ဆလန်ဂေါပြည်နယ်၊ ပီဂျေ ကိုတာ ဒမန်ဆာရာ ဧရိယာတစ်ဝိုက်တွင်နှင့် ရှားလန်း ဆက်ရှင်-၁၅ တို့တွင် ဖမ်းဆီးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ တရန်ဂန်နျူးပြည်နယ်တွင် မြန်မာနိုင်ငံသားအပါအဝင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ခွင်များအား ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ကွာလာလမ်ပူ ဂျလန် အာလောနှင့် ဂျိုဟိုးပြည်နယ်များတွင် မြန်မာရာနှင့် ချီးဖမ်းဆီးခံခဲ့ရပြီး ဇန်နဝါရီလ ၂၁ရက် နေ့က မလေးရှားနိုင်ငံ မာလကာပြည်နယ်တွင် မြန်မာများ နေထိုင်ရာနေရာများကို ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့သည်။

ဂျလန် အာလော အော်ပရာစီ ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသား ၆၀ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါ နိုင်ငံသား ၁၆ ဦး၊ ပါကစ္စတန်နိုင်ငံသား သုံးဦး၊ အီဂျစ်နိုင်ငံသား ၁ဦးနဲ့ ဆူဒန်နိုင်ငံသား ၁ဦးတို့ ဖြစ်ကြသည်။

မလေးရှားနိုင်ငံ၊ ပီနန် ကောင်တာ၊ ပါဟန်းပြည်နယ်၊ ကွမ်တန်း၊ ဆလန်ဂေါပြည်နယ် ပီဂျေ ကိုတာ ဒမန်ဆာရာ ဧရိယာတစ်ဝိုက်နှင့် ရှားလန်း ဆက်ရှင်-၁၅ ၏ အော်ပရာစီ ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြား အထောက်အထား မပြည့်စုံသူ ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အထောက်အထားမဲ့ ဖမ်းဆီးခံရသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၆(၁)(ဂ) ၁၅(၁)(ဂ) ၁၉၅၉၊ ၁၉၆၃ အပြင် လူဝင်မူကြီးကြပ်ရေးဥပဒေ ၃၉(ခ)၁၉၆၃နှင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဖမ်းဆီးခံရသူများကို ကူညီဆောင်နေသူများက ပြောသည်။

ကွာလာလမ်ပူ ဂျလန် အာလောမှာ အလုပ်နေသူတစ်ဦးက “အထောက်အထားမရှိဘဲ သွားလာနေရင်တော့ သေချာပေါက် တစ်နေ့မဟုတ် တစ်နေ့တော့ အဖမ်းခံထိမှာပဲ။ သွားတာလာတာတွေကို ဂရုစိုက်ဖို့လိုတယ်။ အခု ကာလမှာ အိမ်တွင်း အောင်းနေတာ အကောင်းဆုံးပါပဲ။ အဖမ်းခံရရင်တော့ ပြန်ရွေးလို့မရတော့ဘူး။ ရဲတွေ ဘာတွေ ကျတော့ နည်းနည်း ပိုက်ဆံတွေ ဘာတွေ ပေးပြီးတော့ ရွေးလို့ရတယ်။ စီမံချက်နဲ့ ဖမ်းရင်တော့ မလွတ်တော့ဘူး”ဟု ကူညီနေသူက ပြောသည်။

ထို့အပြင် ဇန်နဝါရီ ၂၄ ရက်နေ့ က မလေးရှား စည်ပင်က ဆလန်ဂေါပြည်နယ် ရှားလန်းတွင် ရှိသည့် မြန်မာဆိုင်တစ်ဆိုင်အား အထောက်ထား မရှိသည်ဟုဆိုကာ အာဏာပိုင်များက ဆိုင်တွင်း ပစ္စည်းများအား သိမ်းယူခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၈ ရက်နေ့တို့မှာလည်း မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်တို့တွင် မြန် မာနိုင်ငံသားတွေအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၀၀ နီးပါး ဖမ်းဆီးခံရကြောင်း မြန်မာနိုင်ငံသားများ ကူညီနေသည့်အဖွဲ့အစည်းများက ပြောသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article