ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေယာဉ်ဖြင့် ၄ ကြိမ်ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေယာဉ်ဖြင့် ၄ ကြိမ်ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်မှုရှိကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်၊ ၃၅ နှင့် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်၊ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ကြီးရွာကို ယောဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိပြီး သေဆုံးသူ မရှိကြောင်းနှင့် ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ကြီးရွာကို ဒီနေ့ ၁၁ နာရီကနေ ၁၂ နာရီ ကျော်အတွင်းကို စစ်တပ်က လေယာဉ်နဲ့ ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ဒဏ်ရာ ရရှိမှုရှိတယ်။ အနည်းငယ်ပဲ အကျအဆုံးတော့ မရှိဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲ သွားတာပါ” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောဆိုသည်။