26 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ အထက ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများနှင့် ရိက္ခာထွက်ယူသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ဒီပဲယင်းမြို့ပေါ်ရှိ အထက ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများနှင့် ရိက္ခာထွက်ယူသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အထက ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများနှင့် ရိက္ခာထွက်ယူသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Freedom Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဒီပဲယင်းမြို့ပေါ်ရှိ အထက ကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Freedom Revolution Force (FRF) Drone အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ လက်နက် ရိက္ခာ‌ပြည့်စုံနေတဲ့ စစ်ခွေး တွေရဲ့ စိတ်ဓာတ်ကို ပျက်ဆီးအောင် Drone များနဲ့ ဆက်လက် တိုက်ခိုက်မှုများ လုပ်ဆောင်သွားပါ့မယ်” ဟု Freedom Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Y-8 လေယာဉ်ဖြင့် ကျဲချ ပို့ဆောင်ပေးခဲ့သော ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သာများ ထိခိုက်မှုရှိကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများ အတွက် ကျဲချပို့ဆောင်ပေးသော ရိက္ခာထုတ်တချို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article