28 C
Yangon

ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့ဘက်မှ စစ်ကား ၂၅ စီးထက်မနည်း အင်အားအပြည့်ဖြင့် ပန်းတောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ဝင်ရောက်လာကြောင်း ၊ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ညောင်ခြေတောက်ရွာရှိ ကပစ ၆ နှင့် အမြှောက်တပ်တို့တွင် အင်အားစုဖွဲ့များ လုပ်ဆောင်ထားပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ထို အင်အားစုဖွဲ့မှုတွင် ကွန်မန်ဒိုများလည်း ပါဝင်ပြီး လူအင်အား ၁၀၀၀ ဝန်းကျင် ခန့်ရှိကြောင်း သိရှိရသည်။

” ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့ ညပိုင်းတွေမှာ ပြည်မြို့ဘက်ကနေပြီး စစ်ကား ၂၂ စီးနဲ့ ကွန်မန်ဒိုတွေလည်းပါတယ်။ ညောင်ခြေတောက်ရွာကို ပို့ဆောင်လိုက်တယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း ဥသျှစ်ပင်မြို့ကနေ အရပ်သား ဖောကား ၂ စီးပေါ်မှာ စစ်ခွေး အင်အားအပြည့်နဲ့ ကျန် ၁ စီးကတော့ လက်နက်ခဲယမ်း တင်ဆောင်ပြီး ညောက်ခြေတောက်ရွာကို ထပ်ဝင်ရောက်လာတယ်။ စစ်ခွေးတွေကို ကပစ ၆ နဲ့ အမြှောက်တပ်ထဲမှာ အင်အားစုဖွဲ့ထားတယ်။ စစ်ခွေး အင်အား ၁၀၀၀ လောက်ရှိတယ်။ ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်” ဟု ဒေသ သတင်းရင်းမြစ်များက ပြောဆိုသည်။

ရခိုင်ရိုးမ တောင်တန်း အထက်ရှိ အကြမ်းဖက် စစ်တပ်၏ မိုးထိတောင် စခန်းကို AA က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများနှင့် စစ်သား မသာ အလောင်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်ပြီးနောက် စစ်တပ်က ယင်းနေရာကို ပြန်လည် သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက် စစ်တပ်က ဖွဲ့စည်းထားသော ပျူစောထီးများကိုလည်း လက်နက်များ၊ ငွေကြေးများနှင့် စစ်ယူနီဖောင်းများ ပေးအပ် ထောက်ပံ့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖွဲ့စည်းထားသော ပျူစောထီးများကို အကြမ်းဖက် စစ်တပ်က တစ်ဦးလျှင် ငွေကျပ် ၂ သိန်း၊ ယူနီဖောင်းများနှင့်လက်နက်ခဲယမ်းများ ပေးအပ် ထောက်ပံ့မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် အကြမ်းဖက် စစ်တပ်က ဥသျှစ်ပင်မြို့နှင့် ပန်းတောင်းမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်လာပါက စစ်ကူပို့ဆောင်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။

” စစ်ခွေးတွေက ဥသျှစ်ပင်နဲ့ ပန်းတောင်းအတွက် ကြိုပြင်နေတဲ့ ပုံစံပဲ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ ပျူစောထီးတွေကို တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနဲ့ ယူနီဖောင်းတွေ ထောက်ပံ့ပေးနေတာတွေရှိတယ်။ လက်နက် တပ်ဆင်ပေးတဲ့ ပျူစောထီးတွေလည်းရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – AA က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ မိုးထိတောင် တပ်စခန်းကို သိမ်းပိုက်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

AA က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ မိုးထိတောင် တပ်စခန်းကို သိမ်းပိုက်ထားစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article