25 C
Yangon

ငါးသိုင်းချောင်းမြို့တွင် ဆိုင်ကယ်ကယ်ရီသမားများကို ရခိုင်ပြည်၊ ဂွမြို့သို့ ရိက္ခာ၊ ဆေးဝါး၊ ကုန်ပစ္စည်းနှင့်ခရီးသည်များ သွားရောက် ပို့ဆောင်ခြင်း မပြုရန် စစ်တပ်က ဖိအားပေး လက်မှတ်ထိုးခိုင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ဆိုင်ကယ် ကယ်ရီသမားများကို ရခိုင် ပြည်နယ်၊ ဂွမြို့နယ်သို့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ခြင်း မပြုလုပ်ရန် စစ်တပ်နှင့်ရဲများက လက်မှတ်ရေးထိုးခိုင်းကြောင်း ဆိုင်ကယ်ကယ်ရီသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ငါးသိုင်းချောင်းမြို့၊ မြို့မ ရဲစခန်းက မြို့အတွင်း ပြေးဆွဲနေသော ဆိုင်ကယ် ကယ်ရီသမားများကို ခေါ်ယူ၍ ရခိုင်ပြည်နယ်၊ ဂွမြို့သို့ ခရီးသည်၊ ရိက္ခာ ပစ္စည်းများ ပို့ဆောင်ခြင်း မပြုလုပ်ရန်၊ အဆိုပါဒေသသို့ ကုန်ပို့ရန် (သို့မဟုတ်) လူသွားရောက်ရန် လာရောက် ငှားရမ်းသူများရှိပါက ရဲစခန်းသို့ ချက်ချင်း သတင်းပို့ရန် မြို့မစခန်းမှူး ရဲအရာရှိ တင်လင်းထွဋ်က ပြောဆိုကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကယ်ရီသမားများအားလုံးကို ရဲစခန်း၏ မှာကြားချက်ကို သိရှိသည်ဆိုသော ခံဝန်စာများတွင် လက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။

“အဓိက ငါးသိုင်းချောင်း-ဂွ လမ်းမကြီးတွေကတော့ စစ်ဆေးရေးဂိတ်တွေအထပ်ထပ်နဲ့ ပိတ်ထားပြီ။ ဒါပေမယ့် ဆိုင်ကယ်တွေကတော့ တောလမ်းတွေ ရွာလမ်းတွေကနေ သွားလို့ရတော့ အဲဒါ ကယ်ရီသမားတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ။ ရခိုင်ပြည်၊ ဂွဘက်ကို ဆေးဝါး ရိက္ခာ၊ ခရီးသည်၊ ကုန်ပစ္စည်း ဘာဆို ဘာမှ မပို့ဖို့။ ပို့လို့ ပြန်သိရင် အရေးယူခံရမယ်။ ဂွဘက်ကို ပို့ဖို့ လာငှားတဲ့သူရှိရင်လည်း ရဲစခန်းကို အကြောင်းကြားရမယ်ဆိုတာ ခေါ်ပြောတယ်။ သူတို့ ညွှန်ကြားချက်တွေကို သိရှိကြောင်း လက်မှတ်ထိုး ခိုင်းတယ်” ဟု ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ရှင်းပြသည်။

လက်ရှိ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဧရာဝတီတိုင်းအထိ ကူးစက်လာသောကြောင့် အကြမ်းဖက် စစ်တပ်က စစ်ဆင်ပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ထိခိုက်မှုများပြားလျက်ရှိကြောင်း၊ သိရှိရသည်။

အာရက္ခတပ်တော် AA ဦးဆောင်သော တော်လှန်ရေးတပ်များက ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်း တို့ကို ယခု ဇန်နဝါရီလအတွင်း တိုက်ခိုက် သိမ်းပိုက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကိုဗစ်ကာလ ငါးသိုင်းချောင်း-ဂွလမ်းတွင် စစ်တပ်က စစ်ဆေးမှုများ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကိုဗစ်ကာလ ငါးသိုင်းချောင်း-ဂွလမ်းတွင် စစ်တပ်က စစ်ဆေးမှုများ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article