27 C
Yangon

မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ၂ ဦးဒဏ်ရာရ ၊ ရောင်းချထားသော မြေကွက်အားလုံးကို ပြည်သူပိုင် ပြန် သိမ်းမည်ဟု သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာမြို့နယ်ရှိ ဌ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ၂ ဦး ဒဏ်ရာရရှိကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူပိုင် မြေကွက်များကို ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးက အရောင်းအဝယ် ပြုလုပ်နေသည်ဟု ပြည်သူများ တိုင်ကြားမှု များပြားလာ၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

““အဲဒီ ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြည်သူပိုင်မြေတွေ၊ မီးတား မြေကွက်တွေကို အကြမ်းဖက် (စကစ) နဲ့ ပူးပေါင်းပြီး ရောင်း ဝယ်နေ တာကို ပြည်သူတွေကနေ တိုင်ကြားတာ များလာလို့ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ပစ်ဗုံးရော၊ အဝေးထိန်းရော တိုက်ခိုက်ခဲ့တာပါ၊ လက်တလော ၂ ယောက် ထိထားတယ်လို့ သတင်းရထားပါတယ်၊ မြောက်ဥက္ကလာပထဲ စခ၊ ရခ ကားတွေ မီးတန်း ဖွင့်ပြီး မောင်းသွားနေပါတယ်၊ အုပ်ချုပ်ရေးမှူးရုံးထဲ စခ၊ ရခ ကားတွေဝင်သွားချိန်မှာ အော်ဟစ်သံ တွေဆူညံနေတယ်လို့ သိရပါတယ်။ ပြည်သူပိုင်မြေ မီးတာမြေနဲ့ ချောင်းအင်းကမ်းစပ် မြေကွက်တွေကို လက်ဝယ်ထားရှိတဲ့ သူတွေ အသိပေးချင်တာက တော်လှန်ရေး အလွန်ကာလမှာ မြေကွက်အားလုံးကို ပြည်သူပိုင်အဖြစ် မြောက်ဥက္ကလာ ပကဖ က ပြန်လည် သိမ်းဆည်းသွားမှာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ မြေကွက်များကို ရန်ကုန်တိုင်း စစ်ဒေသမှူး တပ်မ ၂ ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းထံသို့ မြောက်ဥက္ကလာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး အောင်လောဟာကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ချမ်းမြေ့ဝင်းတို့ထံသို့ ငွေကျပ် သိန်း ၁၀၀ စီ ပေး၍ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မီးတားမြေကွက်များ၊ ဥယျာဉ်ခြံမြေများ၊ ချောင်းကမ်းဘေး မြေကွက်များကို ဌ ရပ်ကွက် ဥက္ကဋ္ဌ အောင်မြင့်ကျော်နှင့်အဖွဲ့က ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို မြေကွက်များကို သိန်းရာချီစျေးသတ်မှတ်၍ မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက် ဥက္ကဋ္ဌ အောင်မြင့်ကျော်၊ ရာအိမ်မှူး မျိုးညွန့်တို့က ရောင်းချကြခြင်းဖြစ်ပြီး မြဥယျာဉ်ရေသန့်ပိုင်ရှင်ကလည်း ပူးတွဲပါဝင်နေကြောင်း၊ ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်အတွင်းတွင် မြေကွက်ပေး၍ အခန်းပေး၊ အခန်းယူ ကန်ထရိုက်တိုက် ဆောက်လုပ်သည့် လုပ်ငန်းများလည်း အလွန်တွင်ကျယ်နေပြီး ကန်ထရိုက်တိုက်ဆောက်လုပ်ရန်အတွက် စည်ပင်နှင့်စစ်တပ်ကို လာဘ်ငွေပေး၍ ကြုံရာကျပန်း တည်ဆောက်ခွင့်ရနေကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သော မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ က ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article