27 C
Yangon

နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီက ၆ လ သက်တမ်း ၈ ကြိမ်မြောက်တိုးရန် ကာ/လုံ အစည်းအဝေးခေါ်ယူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီက ၆ လ သက်တမ်း ၈ ကြိမ်မြောက်တိုးရန် ကာ/လုံ အစည်းအဝေးခေါ်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယာယီသမ္မတအဖြစ် တာဝန်ယူထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဦးဆောင်၍ ကာ/လုံအစည်းအဝေး ခေါ်ယူနေခြင်းဖြစ်ပြီး ၈ ကြိမ်မြောက် ၆ လသက်တမ်းတိုးမည့်အပြင် ဝန်ကြီးတချို့နှင့် ပြည်/နယ်တိုင်းဝန်ကြီးတချို့ကိုလည်း အပြောင်းအလဲလုပ်ရန် ရှိနေကြောင်း သိရှိရသည်။

“ကာ/လုံက ခေါ်နေပြီ။ ဝန်ကြီးတချို့နဲ့ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တချို့လည်း အပြောင်းအလဲရှိမယ်လို့ သိရတယ်။ စစ်ဖြစ်နေတဲ့ ဒေသတွေက ဝန်ကြီးချုပ်တချို့ အပြောင်းအလဲဖြစ်မှာလို့ သိရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် မရှိတော့ဘဲ ၂၀၂၆ ခုနှစ်အတွင်းသို့ ပြောင်းရွှေ့ ကျင်းပရန်လည်း သဘောထားမှတ်ချက်များ ပေးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article