26 C
Yangon

သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်းဝင်း အတွင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်းဝင်း အတွင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၇ တပ်ရင်းဝင်း အတွင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျိုက်ထို ပကဖ)က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ တပ်ဝင်းအတွင်းသို့ ရှော့တိုက်မစ်ဆိုင်းများ၊ Drone များ၊ ၆၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ KNLA၊ အင်းတကော် ပကဖ ၊ ကဝ ပကဖ နှင့် ဝေါ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article