29.1 C
Yangon

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး၊ ညအချိန်တွင် လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူများ ရွာပြင် ထွက်အိပ်နေရ

Must read

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး၊ ညအချိန်တွင် လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူများ ရွာပြင် ထွက်အိပ်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဇရပ်ကြီးရွာ အထက ကျောင်းအနီး လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ရာ အဆောက်အဦးများ ပျက်စီးပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

” ယမန်နေ့ ညပိုင်းက အကြမ်းဖက် စစ်ကောင်စီက ဇရပ်ကြီးရွာ အထက ကျောင်း အနီးကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ အဆောက်အဦးတွေ ပျက်စီးတာရှိတယ်။ ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ ဆိတ် ၁ ကောင်တော့ သေဆုံးတယ်” ဟု တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တောင်သာမြို့နယ်အတွင်း ၂၀၂၄ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများ အသုံးပြု တိုက်ခိုက်မှုများကြောင့် ပြည်သူ ၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း၊ လေကြောင်း အန္တရာယ်ကြောင့် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ ဗုံးခိုကျင်းများ တူးရန် နှိုးဆော်ထားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးသီးချ တိုက်ခိုက်နေမှုများကြောင့် ပြည်သူများ ကျေးရွာ အတွင်း မအိပ်ရဲဘဲ ရွာပြင် ထွက်အိပ်နေရကြောင်း သိရသည်။

“လေကြောင်းအန္တရာယ်အတွက် မြို့နယ်အတွင်း နေရာအနှံ့အပြားမှာ ဗုံးခိုကျင်းတွေတူးကြဖို့ နှိုးဆော်ထားတာရယ်။ စစ်ကောင်စီလေကြောင်းက မကြာခဏ ဗုံးသီးလာချတာတွေရယ်ကြောင့် ပြည်သူတွေကတော့ ‌အမြဲသတိနဲ့ နေကြရတယ်။ တစ်ချို့ကျေးရွာတွေမှာတော့ ရွာထဲမအိပ်ရဲဘဲ တောထဲထွက်အိပ်ကြရတယ်” ဟု တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်က တောင်သာ-မြင်းခြံ အစပ်ကို မကြာခဏ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း၊ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း မြင်းခြံ သံမဏိအမှတ် ၁ စက်ရုံဝန်းအတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်သား ၅၀ ခန့်သည် နံနက် အစောပိုင်းတွင် ခြုံကြီးရွာအတွင်း ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာနေ ပြည်သူ အသက် ၃၅နှစ်အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article