27 C
Yangon

ချောင်းဦးတွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသော ပြည်သူတစ်ဦးက သေနတ် ၂ လက်နှင့် ခဲယမ်း များ ခိုးယူ ထွက်ပြေးလွတ် မြောက်လာပြီးနောက် PDF တပ်ဖွဲ့ထံ လက်နက်ခဲယမ်းများအပ်နှံ၊ ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်

Must read

ချောင်းဦးတွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသော ပြည်သူတစ်ဦးက သေနတ် ၂ လက်နှင့် ခဲယမ်း များ ခိုးယူ ထွက်ပြေးလွတ် မြောက်လာပြီးနောက် PDF တပ်ဖွဲ့ထံ လက်နက်ခဲယမ်းများအပ်နှံ၊ ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသော ပြည်သူတစ်ဦးက စစ်သားများ၏ သေနတ် ၂ လက်နှင့် ခဲယမ်းများကို ခိုးယူထွက်ပြေးလွတ်မြောက်လာပြီးနောက် လက် နက်ခဲယမ်းများကို လာရောက် အပ်နှံပေးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လခန့်က ချောင်းဦးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်း တစ်ခုတွင် ဖမ်းဆီးခြင်းခံထားသော ပြည်သူတစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ G3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၇ ဒသမ ၆၂ ကျည် တောင့် ၁၀၀ တို့ကို ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ ထိုသို့ လွတ်မြောက်လာပြီးနောက် လက်နက် ယမ်းများကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့ထံ လာရောက်အပ်နှံခဲ့ ကြောင်း သိရသည်။

“သူကထွက်ပြေးလွတ်မြောက်လာတာက ကြာပြီ။ မနှစ်က ၇ လပိုင်း ၈ လပိုင်းလောက်ကပါ။ သူ့ရဲ့ သဘောဆန္ဒအရ ဘယ်လိုထွက်ပြေးလာ တယ်၊ ဘယ်စခန်းကလဲ၊ သူဘယ်လိုအဖမ်းခံရလဲ ဆိုတာ တော့ သူ့ရဲ့လုံခြုံရေးအရ ထိန်းသိမ်းပေး ထားဖို့ မေတ္တာရပ်ခံထားတဲ့အတွက် ချောင်းဦးမြို့နယ် အ တွင်း မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ ထွက်ပြေးလာတာလောက်ပဲ ပြောပြလို့ရပါတယ်။ သူ့ရဲ့ ဆန္ဒနဲ့ သူ့ရဲ့လုံခြုံရေးအခြေအနေရ မို့အခုမှ ထုတ်ပြန်လိုက်တာပါ။” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ သေနတ် ၂ လက်နှင့်ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးလာနိုင်ခဲ့ပြီး လာရောက်အပ်နှံပေးခဲ့ သူကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDFက ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့် ကာ စိုးမိုးထိန်းချုပ်နယ်မြေအတွင်း၌ အေးချမ်းလုံခြုံစွာနေထိုင်ရေး ကူညီစောင့်ရှောက် ပေးထား ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article