32 C
Yangon

မြင်းမူနှင့် ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံး

Must read

မြင်းမူနှင့် ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ခင်း ၈ နာရီခန့်တွင် နတ်ရေကန် အထိုင်စခန်းမှ ကင်းပုန်းဝပ်ရန် ထွက်ခွာလာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို နတ်ရေကန်နှင့် ဂွေးပင်တော်ရွာ အကြားတွင် Snipe Rangers Force (Local – PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ပဒေသာမိုင်း ၃ ပွိုင့် ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိနာကာ နတ်ရေကန်မှ စစ်ကူ အင်အား ၄၀ ခန့် ထပ်မံရောက်ရှိလာပြီး အနီးအနား ပတ်ဝန်ကျင်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း လမ်းဘေးရှိ ချုံပုတ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်၊

အဆိုပါ တိုက်ခိုက်မှုအပြီး ချောင်းဦး-မြင်းမူ လမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပိတ်လိုက်ပြီး ၃ နာရီ အကြာမှ လမ်းကြော ပြန်ဖွင့်ပေးခဲ့ကြောင်း၊ လမ်းပိုင်းပြန်ဖွင့်ချိန်တွင် Jammer ကား ၄ စီး မြင်းမူဘက်ကို အပြင်းမောင်းနှင် သွားကြောင်း၊ ထိုတိုက်ခိုက်မှုကို Snipe Ranges Force(Local – PDF) နှင့် PGC(မြင်းမူ) တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) ကပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့် တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ​မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီးထွက်လာသည့် သံပြားကာ စစ်ကား ၄ စီးကို ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် ပဒေသာ ၇ လုံးတွဲ မိုင်းပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုတိယမြောက်ကားကို ထိမှန်ခဲ့ကြောင်း သိရသည်။

မိုင်းထိမှန်သော သံပြားကာ စစ်ကားသည် ထိုးရပ်သွားပြီး လမ်းပိုင်း လုံခြုံရေးကင်းယူနေသော စစ်သားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် တော်လှန်ရေး ရဲဘော်များကို လိုက်လံ ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်လံ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article