27 C
Yangon

သေဒဏ်ကျမယ့် အတူတူ လက်နက်လုယူ ပြန်လည်တိုက်ခိုက် ထွက်ပြေးခဲ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအချုပ်သား ၃ ဦး ကို ရေဘီလူးအဖွဲ့က ကယ်ထုတ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

Must read

သေဒဏ်ကျမယ့် အတူတူ လက်နက်လုယူ ပြန်လည်တိုက်ခိုက် ထွက်ပြေးခဲ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအချုပ်သား ၃ ဦး ကို ရေဘီလူးအဖွဲ့က ကယ်ထုတ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ် ရေးမြို့နယ် မြိုမရဲစခန်းမှ ရဲများနှင့် တိုက်ခိုက်၍ ထွက်ပြေးလာသည့် နိုင်ငံရေးအချုပ်သားများကို ကယ်ထုတ်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြို့မရဲစခန်း အချုပ်ခန်းကို ဖောက်၍ ထွက်ပြေးလာနိုင်သည့် နိုင်ငံရေး အချုပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ နိုင်ငံရေး အချုပ်သားများနှင့် အကြမ်းဖက်ရဲများတိုက်ခိုက်ရာတွင် အကြမ်းဖက် ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၃ ဦး သေဆုံး၍ စခန်းမှူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီ သုံးယောက်က အချုပ်ခန်းက ဖောက်ပြီး ထွက်ပြေးတာ ၃ ယောက်။ ရဲနဲ့လည်း ပြန်လည်ခုခံတိုက်ခိုက်ဖြစ်တယ်။ ထွက်ပြေးလာခဲ့တဲ့ ဒီ အချုပ်သား ၃ ဦးကိုတော့ ကျွန်တော်တို့ ကယ်တင်နိုင်ခဲ့တယ်။ သူတို့တွေက ရေးမြို့နယ် အနီးအနားကို ရောက်လာခဲ့တဲ့အခါကျတော့ ကျွန်တော်တို့တွေက သူတို့ကို လွတ်မြောက်နယ်မြေနေရာကို ထိခိုက်မှု မရှိအောင် ပြန်လည်ဆွဲတင်ကယ်ထုတ်ပေးခဲ့တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ နိုင်ငံရေး အချုပ်သားများကို နောက်ထပ်ကယ်ထုတ်နိုင်ရန် မြေပြင်တွင် အကောင်းဆုံးပြင်ဆင်နေကြောင်း၊ လက်ရှိ လွတ်မြောက်လာသူများသည် ရာဇသတ်ကြီးပုဒ်မ ၅၂ က ၊ ၅၀ ည ပုဒ်မနှင့် စွဲဆိုခံရသူများဖြစ်ကာ သေဒဏ်ကျခံရမည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရှိရသည်။

” သေဒဏ်ကျမယ့်အတူတူ ဆက်နေလည်း ဘာမှမထူးဘူးဆိုတော့ ဒီပလန်ကို သူတို့ရွေးချယ်ဖြစ်တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article