29 C
Yangon

တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးမှူး တမ်ကီးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်အတွက် ငွေကျပ် သိန်းထောင်ချီ တောင်းခံပြီး ရပ်ကွက်မြေနေရာများကိုလည်း စိတ်ကြိုက် ရောင်းစား

Must read

တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးမှူး တမ်ကီးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်အတွက် ငွေကျပ် သိန်းထောင်ချီ တောင်းခံပြီး ရပ်ကွက်မြေနေရာများကိုလည်း စိတ်ကြိုက် ရောင်းစား

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးမှူး တမ်ကီးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်အတွက် ငွေကျပ် သိန်းထောင်ချီ တောင်းခံပြီး ရပ်ကွက်မြေနေရာများကိုလည်း စိတ်ကြိုက် ရောင်းစားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

တန့်ယန်းမြို့ ရပ်ကွက် ၆ မှ ပြည်သူတစ်ဦးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်ရရှိရန် ဦးစီးမှူး တမ်ကီး နှင့် သွားရောက်တွေ့ဆုံ ငွေကျပ် သိန်း ၂၀၀၀ တောင်းခံခဲ့ပြီး ထိုသို့ တောင်းခံခြင်းသည် ပုံစံ ၁၀၅ ဆွဲပြီးလျှင် အဆိုပါ မြေနေရာသည် သိန်းသောင်းချီတန်ကြေးရှိသောကြောင့် တောင်းခံဖြစ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့် ကျထားပြီးသော မြေများကိုလည်း ငွေကျပ် သိန်းရာချီတောင်းခံကြောင်း သိရသည်။

ဦးစီးမှူး တမ်ကီးသည် ငွေကြေးမပေးသော ပြည်သူများကို လက်မှတ်ရေးထိုးပေးခြင်းမရှိဘဲ ငွေကြေးပေးသည်အထိ စောင့်ဆိုင်းကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများနှင့် ပတ်သပ်ပြီး ပြည်သူများက ကြေးတိုင်နှင့်မြေစာရင်း ခရိုင်မှူး ပိုင်သူရချို ကိုတိုင်ကြားခဲ့သော်လည်း မြို့နယ်မှူး တမ်ကီးနှင့် ဆရာတပည့်ဖြစ်သောကြောင့် အရေးယူမှုမရှိကြောင်း သိရှိရသည်။

“တမ်ကီး ငွေတောင်း အရမ်းကြမ်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ခရိုင်မှူး ပိုင်သူရချိုကို ပြည်သူတွေက တိုင်ကြားတော့ သူ့ကို ခရိုင်မှူးက တောင်ကြီးခေါ်ပြီး စစ်ဆေးတာတွေလုပ်တယ်။ သူနဲ့က ဆရာတပည့်ဆိုတော့ အရေးယူခံရတာမရှိဘူး။သူ့ဆရာ က သူ့ ပြန်စစ်တော့ ဘာမှ မထူးဘူး။ ရပ်ကွက် ၆ က ပြည်သူတစ်ဦး ဆီကလည်း သူ့မြေကို ပုံစံ ၁၀၅/၁၀၆ ဆွဲဖို့ကို ဦးစီးမှူး တမ်ကီးနဲ့ သွားတွေ့တာ သိန်း ၂၀၀၀ တောင်းတယ်။ သူ့မြေက ၁၀၅ ဆွဲပြီးရင် သိန်းသောင်းချီ တန်မှာလေ အဲတော့ တောင်းတာ ဘာဖြစ်လဲလို့ ပြောလွှတ်လိုက်တယ်လို့ သိရတယ်။ သူ့ကို ပိုက်ဆံမပေးတဲ့ သူတွေကိုလည်း လက်မှတ်မထိုးပေးဘူး။ ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်ကို ပြည်နယ်တင်ရတာ ပြည်နယ်က ကျလာရင်လည်း သူက ငွေ မပေးရင် မဆွဲပေးဘူး။ သူက ဗိုလ်မှုးနေလင်းနဲ့ စရဖ တို့နဲ့က တစ်အုပ်စုထဲတွေ ဒီမြို့မှာ သူက ငွေတောင်းကြမ်းတယ် ။ ပြီးရင် ကောင်မလေးတွေကို စပွန်ဆာ ပေးတာတွေလည်း လုပ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဦးစီးမှူး တမ်ကီးသည် တန့်ယန်းမြို့ရှိ လူမနေသော ရပ်ကွက်များမှ မြေများကိုလည်း ၎င်း လက်အောက်ရှိ ဝန်ထမ်းများဖြစ်သော ရပ်ကွက်အပိုင်များနှင့် ပေါင်းပြီး ရောင်းစားကြောင်း၊ ဖေဖော်ဝါရီလ အတွင်း ရပ်ကွက် ၆ ရှိ မြေနေရာ တစ်ခုကို ရောင်းစားရန် ၎င်း လက်အောက်ရှိ ရပ်ကွက် အပိုင် တစ်ဦးကို ခိုင်းစေခဲ့သော်လည်း မလုပ်ပေးနိုင်ကြောင်း ငြင်းဆိုခဲ့၍ အလုပ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ဦးစီးမှုး ဦးတမ်ကီးက ပြီးရင် လူမနေတဲ့ကြာပြီ ဖြစ်တဲ့ ရပ်ကွက်တွထဲက မြေတွေဆိုရင် သူ့ရုံးက လက်အောက်ဝန်ထမ်းတွေ ဖြစ်တဲ့ ရပ်ကွက်အပိုင် တွေ နဲ့ ပေါင်းပြီး ရောင်းစားတယ် ။ ပြီးခဲ့တဲ့ရက်က ရပ်ကွက် ၆ မှာ မြေနေရာ တစ်ခု ရောင်းစားဖို့ သူ့အောက်က ရပ်ကွက် အပိုင်ကိုင်တဲ့ တစ်ယောက်ကို လုပ်ခိုင်းတာ အဲ့ လူက လက်မခံတော့ စကားများပြီး တာဝန်မကျေပွန်လို့ ခိုင်းတာ မလုပ်လို့ ဆိုပြီး အလုပ်ထွန်ဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်းဌာန တစ်ရုံးလုံးသည် အွန်လိုင်းနှင့် စတော့ဂိမ်းများ ဆော့ကစားသူများဖြစ်ပြီး နေ့စဉ် သိန်းရာချီ ဆော့ကစားနေ၍ ပြည်သူများထံမှ ငွေကြေးတောင်းရမ်းမှု ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article