25 C
Yangon

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ Zero‌ ပြောက်ကျား တပ်ဖွဲ့မှ တပ်ရေးအရာရှိ ဗိုလ်အောင်ခန့်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

“သူတို့က ငါန်းမြာကြီးရွာကနေ ထွက်လာမယ်ဆိုတဲ့ သတင်းကို ဖရဲသီးက အရင်ပို့ထားလို့ ကျနော်တို့ဘက်က အရင်ဆုံး နေရာအသင့်ယူထားပြီး သူတို့ထွက်လာတဲ့အချိန်ကို အသင့်စောင်ပြီး တိုက်ခိုက်ခဲ့တာ နှစ်ဖက်တိုက်ပွဲ အကွာအဝေးက မီတာ၁၀၀ လောက်ဘဲ ဝေးတာ သူတို့ဘက်က စစ်သား ၁ ဦးကို ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်လို့ တစ်ဦး အတိအကျ သေဆုံးခဲ့တယ်။ကျနော်တို့ဘက်ကတော့ တိုက်ပွဲအတွင်းအကျဆုံးမရှိခဲ့ဘူး။ စစ်တပ်ကတော့ အကျအဆုံးရှိလို့ ငါန်းမြှာကြီးရွာထဲ တပ်ပြန်ဆုတ်သွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျား တပ်ဖွဲ့၏ တပ်ရေးအရာရှိ ဗိုလ်အောင်ခန့်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျား တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၆ နှင့် နယ်မြေခံ ပကဖများက ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ငါန်းမြာကြီးရွာကို အကြမ်းဖက် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်များထံမှ ပြန်လည်သိမ်းပိုက်ပြီး ထိန်းချုပ်ထားသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article