ဆော့လော်မြို့နယ် လန်ဆယ်ဒေသ စာသင်ကျောင်းနှင့် နေအိမ်များကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ စာသင်ကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ချီဖွေခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရကာ စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စာသင်ကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးမှုရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်က လိုင်ဇာမြို့ အနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476238695_985834330310840_2287787377792537838_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476612722_985834316977508_8114518302802711280_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476303154_985834270310846_8302803006652424615_n.jpg)