33 C
Yangon

ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်သည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်သည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်သည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်တွင် စစ်ကောင်စီက လုံခြုံရေးအင်မတန်တင်းကျပ်ထားသည့်ကြားမှ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားဖြင့် လူစည်ကားရာ စျေးတစ်ခုတွင် ပြည်သူလူထုကို လှုဆော်သည့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ နှင့်စမ်းချောင်းပင်သပိတ်စစ်ကြောင်း(SC Strike)တို့က ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ယခုကာလအထိ ပြည်သူလူထုအပေါင်း ရင်ဆိုင်တွေ့နေရသည့် အထွေထွေကျပ်တည်းမှု၊ မလုံခြုံမှု၊ ဖိနှိပ်ခံရမှု၊ အခြေခံလူ့အခွင့်အရေးများဆုံးရှုးမှုအပြင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ၊ ပေါ်တာဆွဲမှုများ စသည့် အခက်အခဲအကြပ်အတည်းပေါင်းများစွာ၏ အဓိကလက်သည်တရားခံမှာ မင်းအောင်လှိင်ဦးဆောင်သည့် အာဏာရှင်တစ်စုကြောင့်ဖြစ်ကြောင်း၊ အခက်အခဲ အကျပ်အတည်းများစွာမှ လွတ်မြောက်ရန် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းသည်အထိ ရသည့်နည်းလမ်းဖြင့် တော်လှန်ရန်မှလွဲ၍ အခြားမရှိကြောင်း၊ ထိုကြောင့် ပြည်သူလူထုကြီးအနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဝန်းရံ တော်လှန်ပေးကြပါရန် သပိတ်အင်အားအားစုများက တိုက်တွန်းနှိုးဆော်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article