33 C
Yangon

စလင်းတွင် စစ်သင်္ဘော ၁ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ မြိုင်ရှိ လင်းကတောရဲစခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စလင်းတွင် စစ်သင်္ဘော ၁ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ မြိုင်ရှိ လင်းကတောရဲစခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ စလင်းမြို့ တညောင်တိုက်နယ်အတွင်း မင်းဘူးဘက်မှမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၁ ကောင် သေဆုံးပြီး ၆ ကောင် ထိခိုက်ဒဏ်ရာရပါတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် (ပကဖ) နှင့်ပူး‌ပေါင်းတပ်ဖွဲ့များဖြစ်သော ဒေါင်းစစ်အောင် LPDF ၊ မင်းဘူးခရိုင် လက်ရုံးအဖွဲ့၊ ဧရာဘီလူး LPDF နှင့် Triger Frighter LPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော လင်းကတောရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဆားလင်းကြီးအခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ဆားလင်းကြီး အခြေစိုက်လက်နက်ကြီး တပ်ပေါင်းစုမဟာမိတ်ညီနောင်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article