26.2 C
Yangon

ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့က လမ်းပိုင်းဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကင်းရှင်းရေး သတိပညာပေး ဟောပြောပွဲများ ပြုလုပ်

Must read

ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့က လမ်းပိုင်းဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကင်းရှင်းရေး သတိပညာပေး ဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်တွင် ဖယ်ခုံမြို့နယ် ပလဖ က လမ်းပိုင်းဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကင်းရှင်းရေး သတိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်း ပြည်သူများ လမ်းပိုင်းဆိုင်ရာ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မပြုလုပ်ရန် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ ရဲဘော်များက နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေ၍ ပြည်သူများ လေကြောင်း အန္တရာယ် ကင်းရှင်းရေးအတွက် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ သတိပညာပေး ဟောပြောပွဲများလည်း ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article