26 C
Yangon

သံတောင်- တောင်ငူလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး စစ်ကားတစ်စီးတိမ်းမှောက်ပျက်စီး

Must read

သံတောင်- တောင်ငူလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး စစ်ကားတစ်စီးတိမ်းမှောက်ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင် -တောင်ငူလမ်းပိုင်း ၊ တောပြာကြီးလမ်းခွတွင် စစ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး စစ်ကားတစ်စီးတိမ်းမှောက်ပျက် စီးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း၅ Thawthikho မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် အခြေစိုက်တပ်စခန်းမှ တောင်ငူဘက်သို့ ဆင်းလာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ယာဥ် ၁၀ စီးပါ ယာဉ်တန်းကို တောပြာကြီးလမ်းခွရောက်ရှိချိန် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကားတစ်စီး တိမ်းမှောက်သွားကာ ယာဉ်ပေါ်ပါ စစ် သား ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ္စည်းတွေ မသိမ်းနိုင်ခဲ့ပါဘူး။ ကျန်တဲ့ကားတွေက လာခေါ်သွားတာပါ။ အပြန်အလှန်ပစ်ခတ်မှု လည်း ဖြစ်ခဲ့ပါတယ်” ဟု KNLA တပ်မဟာ ၂ တပ်ရင်း၅ Thawthikho မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ၊ တပ်ခွဲ ၃ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး တိမ်းမှောက် ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article