30.5 C
Yangon

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

Must read

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ အလိုကျ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေသော ခရီးသွား ယာဉ်လိုင်းများရှိ၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း TAMAR MYAY Special Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တမာမြေအထူးစစ်ကြောင်း (TAMAR MYAY SPECIAL COLUMN) မှ တော်လှန်ရေး ရဲဘော်များက မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ အလိုကျ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ မတရားစစ်မှုထမ်းရန် စစ်တပ်ထဲ ပို့ဆောင်ပေးနေသော စစ်ကောင်စီကို လိုက်ပါကူညီဆောင်ရွက်နေသည့် မော်တော်ယာဉ်လိုင်းများ ရှိနေသည်ဆိုသော ပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များ စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း စစ်တပ် အလိုကျ ပေါ်တာဆွဲ ဖမ်းဆီးပေးနေသော ယာဉ်လိုင်းများကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ လမ်းပိုင်းတွင် ရှောင်တခင် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တမာမြေ အထူးစစ်ကြောင်းက မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီ အလိုကျ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပေးပြီး စစ်မှုထမ်းခိုင်းဖို့ စစ်တပ်ထဲ ထည့်ပေးမှုတွေ မော်တော်ယာဉ်လိုင်းတွေက ကျူးလွန်နေလို့ ပြည်သူတွေ သတင်းပို့လို့ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။ အဲ့‌နေ့မှာ ဖမ်းဆီး မိတာတော့ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ အဲလမ်းပိုင်းမှာ ဆက်လက်ပြီး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်” ဟု TAMAR MYAY Special Column မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ အလိုကျ ကူညီဆောင်ရွက်၍ အများပြည်သူကို ဒုက္ခပေးနေသော မော်တော်ယာဉ်လိုင်းများကို မကွေး-ရေနံချောင်း-နတ် မောက် လမ်းပိုင်းတွင် လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့်လည်း မလိုအပ်သောခရီးသွားလာမှုများ မပြုလုပ်ရန်၊ အဆိုပါယာဉ် လိုင်းများတွင် စီးနင်းလိုက်ပါခြင်း မပြုလုပ်ရန် နှင့် လိုက်ပါ စီးနင်းသွားလာမှုကြောင့် နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း TAMAR MYAY Special Column မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article