26 C
Yangon

Breaking News- Khit Thit သတင်းဌာနက သတင်းဖော်ပြခဲ့သည့် ပါကစ္စတန်နိုင်ငံသား တချို့အပါအဝင် နိုင်ငံခြားသား ၅၀ ဦးကျော်ကို DKBA က ကျားဖြန့်ဂိုဏ်းများထံမှ ပြန်လည် ကယ်ဆယ်ထားပြီး မိခင်နိုင်ငံများသို့ ပြန်နိုင်ရေး ထိုင်းဘက်သို့ ပြန်လည် လွှဲပြောင်းမည်

Must read

Breaking News- Khit Thit သတင်းဌာနက သတင်းဖော်ပြခဲ့သည့် ပါကစ္စတန်နိုင်ငံသား တချို့အပါအဝင် နိုင်ငံခြားသား ၅၀ ဦးကျော်ကို DKBA က ကျားဖြန့်ဂိုဏ်းများထံမှ ပြန်လည် ကယ်ဆယ်ထားပြီး မိခင်နိုင်ငံများသို့ ပြန်နိုင်ရေး ထိုင်းဘက်သို့ ပြန်လည် လွှဲပြောင်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသရှိ တရုတ်ကျားဖြန့်ဂိုဏ်းများတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်း လူကုန်ကူးခံရထားပြီး နှိပ်စက်ခံနေရကြောင်း Khit Thit Media က ယနေ့ သတင်းများ ဖော်ပြခဲ့ရာ ယင်းသတင်းတွင် ပါဝင်သော ပါကစ္စတန်နိုင်ငံသားတချို့ အပါအဝင် လူကုန်ကူးခံထားရသော နိုင်ငံခြားသား ၅၀ ဦးကျော်ကို ကယ်ဆယ်ထားနိုင်ပြီဖြစ်ကြောင်း DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Khit Thit သတင်းဌာနက သတင်းဖော်ပြခဲ့သော ပါကစ္စတန်နိုင်ငံသားတချို့ကို DKBA တပ်ဖွဲ့မှ တာဝန်ရှိသူ များက တရုတ်ကျားဖြန့်ဂိုဏ်းများတွင် သွား ရောက် ရှာဖွေကာ စစ်ဆေး ခေါ်ယူနိုင်ခဲ့ကြောင်း ၊ အခြားသော နိုင်ငံခြားသား များကိုလည်း ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရန်ကုန်ခေတ်သစ်မှာ BGF လက်အောက်ခံ ကျောက်ခက်မှာ ပါကစ္စတန် ၃ ယောက် ကို ဓာတ်ပုံနဲ့ တွေ့ရတယ်။ ညီအစ်ကို ၂ ယောက်နဲ့ သူ့ အဖော် တစ်ယောက်ပေါ့၊ အခု မြဝတီပို့လိုက်တော့ နိုင်ငံတော်အစိုးရက စာတင်နေတုန်း မပို့နိုင် သေးဘူး ဆိုတော့ ကျနော်က ပြန်ခေါ်လာလိုက် တယ်၊ ဒီမှာလည်း ၁၆ ယောက် တော့ရှိပြီ။ အားလုံးပေါင်း လိုက်ရင် ၅၀ ကျော်ရှိပြီ။ အဲဒီပါကစ္စတန်နိုင်ငံသား ၃ ဦးအပါပေါ့၊ ဒီနေ့ ရန်ကုန်ခေတ်သစ်တင်ထားတဲ့ သူတွေ က ရှာတွေ့ပြီ။ သူတို့မိဘတွေရော နိုင်ငံခြားကနေ Video Call နဲ့ပြောကြတယ်။ ကျောက်ခက်မှာအကုန်လုံးလိုက်မွှေပြီးပြီ။ ပါကစ္စတန်နိုင်ငံသား ၃ ယောက်ပဲရှိတယ်။” ဟု DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ကယ်ဆယ်ရရှိထားသူများကို မကြာမီ မိခင်နိုင်ငံသို့ ပြန်နိုင်ရေး ထိုင်းဘက်အခြမ်းမှ တစ်ဆင့် ပြန်လည် လွှဲပြောင်းမည်ဖြစ်ကြောင်း၊ လွှဲပြောင်းနိုင်ရေးအတွက် စစ်ကောင်စီထံသို့ စာတင်ပြထားဆဲဖြစ်ကြောင်း၊ လက်ရှိတွင် မြ၀တီတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း သိရှိရသည်။

လက်ရှိ စုဆောင်းကယ်ဆယ် ရရှိထားသူများမှာ ပါကစ္စတန်၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အာဖရိက လူမျိုးများဖြစ်ပြီး တစ်ခါတည်းလွှဲပြောင်းပေးပို့နိုင်ရန် စိစစ်နေကြောင်း၊ လက်ရှိတွင် DKBA တပ်ဖွဲ့က စောင့်ရှောက်ပေး ထားကြောင်း သိရသည်။

“မနက်ဖြန် မဟုတ်ရင် သဘက်ခါ လောက်ပို့ဖို့ရှိတယ်။ အခုပြန်ချင်တဲ့သူတွေကို လိုက်စုနေတယ်။ ပါ ကစ္စတန်က ၃ ယောက်၊ နောက်ပြီးတော့ နီပေါနိုင်ငံသားတို့၊ ဖိလစ်ပိုင်တို့ အာဖရိကဘက်ကတော့ အများအပြားပဲ၊ စုထားတယ်၊ တစ်ဘရိတ် တည်း ဘယ်လိုမျိုးပို့မလဲတောင် ဇဝေဇဝါဖြစ်နေတယ်။ အစိုးရနဲ့ ပို့ရင်လည်း သူတို့က ကြာတယ်။ ထိုင်းနိုင်ငံနဲ့ဆိုရင်လည်း တရားဝင်ဖြစ်အောင် ဘယ် လိုပို့ မလဲ လုပ်ဆောင်နေပါတယ်။လက်ရှိဘယ်လို သွားမလဲဆိုတာ DKBA အရာရှိတချို့နဲ့တိုင်ပင်ထား တယ်။ လွှဲအပ်ပေးဖို့ လက်ရှိစစ်နေတယ်။ ကျောက်ခက်မှာရှိတဲ့ တရုတ်ထဲက ပြန်ချင်တဲ့ ကလေးတွေ ကို အကုန်ပို့မယ်။ အခုလည်း ပြန်တဲ့ သူတွေကို တရုတ်ဆိုက်ထဲမှာ မထားဘူး၊ ခေါ်ထုတ်ထားတယ် ။” ဟု DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရှင်းပြ သည်။

DKBA တပ်ဖွဲ့အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို ရှင်းလင်းသွား မည်ဖြစ်ပြီး ရှင်းလင်းပြီးစီးပါက ထိုင်းနိုင်ငံကို ဖိတ်ခေါ်ကာ လျှပ်စစ်မီး၊ လောင်စာပိတ်ပင်မှု ပြန်လည် ဖွင့်ပေးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article