လွတ်မြောက်နယ်မြေ အညာဒေသတစ်ခုအတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းကို စာရေးကိရိယာနှင့် ဆေးဝါးများလှူဒါန်း
လွတ်မြောက်နယ်မြေ အညာဒေသတစ်ခုအတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတစ်ခုသို့ လူငယ် လွတ်မြောက်ရေး အဖွဲ့-YLA က သွားရောက်၍ ကျောင်းနေ ကျောင်းသား/သူ များအတွက် စာအုပ်၊ဖောင်တိန်၊ခဲတံ၊ခဲဖျက်၊ပေတံ အစရှိသည့် လိုအပ်ပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများ၊ကျောင်းသူ/သားလေးများအတွက် အဖျားကျဆေး၊သံချဆေး အစရှိသည့် ဆေးဝါးများလည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


