ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ကရင်ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ထပရ ၇၂၂ တပ်ခွဲမှ ဒုတပ်ကြပ် မင်းခန့်ကျော် လက်နက်ယူဆောင်ပြီး အလင်းဝင်လာ၍ ငွေကျပ် သိန်း ၂၀ ဆုချီးမြှင့်ခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA 9425) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ အတွင်း လွိုင်ကော်မြို့ အခြေစိုက် ထပရ ၇၂၂ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲမှ ဒုတပ်ကြပ် မင်းခန့်ကျော်သည် လက်နက်ယူဆောင်လာပြီး ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA 9425) တပ်ရင်းထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော ဒုတပ်ကြပ် မင်းခန့်ကျော်သည် မိတ္ထီလာမြို့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းတွင် တာဝန်ထမ်းနိုင်သူဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရ ဥပဒေ ကြောင့် မိတ္ထီလာမြို့ ရထပ ၁ မှ ကရင်နီပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ထပရ ၇၂၂ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲသို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့တန်း စစ်မျက်နှာပြင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ပြည်သူများကို ရိုက်နှက်ခြင်း ၊ ပစ်ခတ်ခြင်း ၊ မတရား ဖမ်းဆီးခြင်းများ အကြိမ်ကြိမ် ကျူးလွန်နေသည်ကို တွေ့မြင်နေရသည့်အတွက် ဒုတပ်ကြပ် မင်းခန့်ကျော်သည် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများထံ အလင်းဝင်းလာခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့သို့ အလင်းဝင်လာသော ဒုတပ်ကြပ် မင်းခန့်ကျော်သည် G-3 (BA-72) သေနတ် ၁ လက် ၊ ကျည်အိမ် ၃ ဘောက် နှင့် ကျည် ၁၂၀ တောင့်တို့ကို ယူဆောင်လာပြီး ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA 9425) တပ်ရင်းထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော ဒုတပ်ကြပ် မင်းခန့်ကျော်ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF)မှ တာဝန်ရှိ လူကြီးများက ဆုငွေ ကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်အာဏာရှင်ရဲ့ လူတစ်စုရဲ့ အုပ်စုကြောင့် မင်းအောင်လှိုင်ကြောင့် ဖြစ်နေတဲ့ တိုက်ပွဲဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ လူသားချင်းစာနထောက်ထားမှုတွေ ပြီးတော့မှ တစ်ဖက်တစ်လမ်း ပြန်ပြီး တူတူရပ်တည်ရပ်တည်ပြီးတော့မှ ဖက်ဒရယ် ဒီမိုကရေစီ တူတူပြန်ကြိုးစားမယ်ဆိုရင် အကောင်အထည်ဖော်နိုင်တာပေါ့။ ထိုအတွက်ကြောင့်မို့လို့ ကျန်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဗိုလ်တပ်သားများကို တော်လှန်ရေး အဖွဲ့ထံ ပြည်သူထံ ပြန်လည် ခိုလှုံလာပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အတူတူ ကြိုးပမ်းဖို့ ပြောချင်ပါတယ်” ဟု ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA 9425) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၉၄၂၅ တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာသည့် တပ်သားများကို လိုအပ်သည့် အကူအညီ တချို့ကို ကူညီပေးအပ်ခဲ့ပြီး သက်ဆိုင်ရာသို့ ပို့ဆောင်ကာ လုံခြုံသည့် နေရာတွင် ထားရှိပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဗိုလ်၊ တပ်သားများ အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံလာကြရန် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိုက်တွန်းနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476643419_988937826667157_1656362836461031097_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477179578_988937843333822_4549162585709479009_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477029247_988937840000489_3946213725026313231_n.jpg)