33 C
Yangon

စောချစ်သူကို ဖမ်း၀ရမ်း ထုတ်ပြီးလျှင် ထိုင်းနိုင်ငံပိုက်နက်ထဲဝင်လာပါက ချက်ချင်းဖမ်းဆီးမည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီတွင် ကျားဖြန့် တရုတ်ဂိုဏ်းများကို အကာအကွယ်ပေးထားသည့် BGF ခေါင်းဆောင် စောချစ်သူကို ဖမ်း ၀ရမ်းထုတ်ပြီးလျှင် ထိုင်းနိုင်ငံပိုက်နက်ထဲဝင်လာပါက ချက်ချင်းဖမ်းဆီးမည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန် ကြီး Phumtham Wechayachai က ပြောဆိုကြောင်း The Reporters က သတင်းဖော်ပြသည်။

လတ်တလော စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်း ၀ရမ်း ထုတ်ရန် သက်သေအထောက် အထားများ စုဆောင်း ပြင်ဆင်နေကြောင်း၊ ဖမ်း၀ရမ်းထုတ်ပြန်ပြီးပါကလည်း စောချစ် သူကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ဖမ်းဆီးနိုင်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအဏာကို လေးစားရမည်ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။

သို့ရာတွင် စောချစ်သူကို ဖမ်း၀ရမ်းထုတ်ပြန်ပြီးပါက ထိုင်းနိုင်ငံဧရိယာအတွင်း ဝင်ရောက်လာပါက ချက်ချင်း ဖမ်းဆီးမည်ဖြစ် ကြောင်း ၊ ၎င်း၏နေအိမ်ကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်က ပြောဆိုသည်။

ဓာတ်ပုံ – ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန် ကြီး Phumtham Wechayachai ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article