ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းက စတင်ကာ ကလေးမြို့နယ် တောင်ပိုင်း ဂန့်ဂေါ – ကလေး လမ်းပိုင်းရှိ ကမ်းပါးနီ အကြမ်းဖက် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲများ လက်ရှိချိန်ထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာ၍ လေယာဉ်ဖြင့် အပြင်းအထန် ခုခံနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ နေရာအပြင် လူနေ ကျေးရွာများကိုပါ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရှားဖိုရွာ၊ တင်သားရွာ၊ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာနှင့် ကုက္ကိုလ်ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ပြီး Y-12 လေယာဥ် ၊ ဂျက်ဖိုက်တာများဖြင့် ဗုံးအလုံး ၁၀၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ တင်သားရွာနှင့် အောင်မင်္ဂလာရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေကြောင်း တိုက်ခိုက်မှု အတွင်း တင်သားရွာမှ နေအိမ်များ ပျက်စီးမှုရှိပြီး လူထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီကျော်တွင် Y – 12 ဖြင့် ဗုံးအလုံး ၄၀ ကျဲချခဲ့ပြီး ညနေ ၄ နာရီကျော်ခန့်တွင် ဗုံးအလုံး ၅၀ ဝန်းကျင် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဂန့်ဂေါ – ကလေး လမ်းမကြီးပေါ်က ကမ်းပါးနီ စစ်ခွေးစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းကစ တိုက်ခိုက်နေတာ စစ်ခွေးတွေကလည်း လေယာဉ်နဲ့ အပြင်းအထန်ခုခံနေတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအပြင် လူနေကျေးရွာတွေကိုပါ ဗုံးကျဲ တိုက်ခိုက်လာတာကြောင့် ရှားဖို ၊ တင်သား၊ အရှေ့စည်း၊ ဒိုးနွယ်၊ ကုက္ကိုလ် စတဲ့ ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေက ဒေသခံ ပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ ကုက္ကိုလ်နဲ့ တင်သားကို ဗုံးကျဲကတည်းက လူတွေရွာထဲမနေရဲတော့ဘူး။ အကုန်ဘေးကိုရှောင်နေကြရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ကြံသာရွာနှင့် မှန်တောရွာ ဘက်ကို စစ်ကူ စစ်ကြောင်းများ ထပ်မံ ပို့ဆောင်နေ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲနေပြီး လေယာဉ်များ ဆက်တိုက် ပျံဝဲနေဆဲဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar