35 C
Yangon

နိုင်ငံတကာက အသိအမှတ်မပြုတော့သည့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ကော်မရှင်ကို ဆက်ဆံခြင်းမပြုရန် NUG က တိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဖျက်သိမ်းလိုက်ပြီး ယင်းကော်မရှင်နှင့် ဆက်ဆံခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းသည်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ပြီးနောက် ပြင်ဆင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်းသည့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း မဟုတ်သည့်အပြင် ပဲရစ်အခြေခံမူများနှင့် ကိုက်ညီခြင်းမရှိဘဲ စစ်အုပ်စု၏ အလိုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်နေကြောင်း NUG က ဆိုသည်။

ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသော ပြည်သူများဘက်ကို စိုးစဥ်းမျှရပ်တည်ထုတ်ဖော် ပြောကြားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်မှုများကို ရေငုံနှုတ်ဆိတ်နေခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထပ်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်လည်း စစ်ကောင်စီအလိုကျ ရပ်တည်ဆောင်ရွက်ခဲ့သော အဖွဲ့ဝင်ဟောင်းအများစုဖြင့် ထပ်မံဖွဲ့စည်းထားခြင်းဖြစ်ရာ ယခင်ကော်မရှင်ကဲ့သို့ပင် လွတ်လပ်၊အမှီအခိုကင်းသည့် ကော်မရှင်မဟုတ်ကြောင်း ၊ အကြမ်းဖက်စစ်တပ်၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို Global Alliance of National Human Rights Institute-GANHRI မှလည်း ပဲရစ်အခြေခံမူများနှင့် မကိုက်ညီသောကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်ပြုခြင်းနှင့် အဖွဲ့ဝင်ဖြစ်ခြင်းမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းလိုက်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း အသိအမှတ်ပြု လက်ခံခြင်း၊တွေ့ဆုံခြင်း၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းများ မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article