ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၃ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံး
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ယနေ့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ကျိန္တလီမြို့ကို ဗုံါ်ကျဲချခဲ့ရာ အမှတ် ၁ သဖန်းကွင်းရပ်ကွက်မှ အသက် ၃ နှစ်အရွယ် မောင်ဖြူလေး နှင့် အသက် ၄၀ နှစ်အရွယ် ဒေါ်လှအေး သားအမိ ၂ ဦး တို့ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ဦးတင်သိန်း (အသက် ၆၃ နှစ်)၊ ဦးမြင့်နိုင် (အသက် ၃၇ နှစ်)၊ ဦးလှတင် (အသက် ၃၅ နှစ်)နှင့် ဒေါ်ညွှန့်ညွှန့်စန်း (အသက် ၄၅ နှစ်)တို့ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ကျိန္တလီမြို့ ကို စစ်တပ်က လေယာသ်ဖြင့် ဗုံးကျဲချဲ့ရာ ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/479185313_989754513252155_8874003708118878120_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479185744_989754429918830_8249415963515280619_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479112674_989754453252161_5649067614973319999_n.jpg)