မော်လမြိုင်မြို့ပေါ်နှင့် မန္တလေးမြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
မော်လမြိုင်မြို့ အထင်ကရနေရာများတွင် မွန်လူငယ်တစ်ဦးက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က်ို အာဏာရှင်ဆန့်ကျင်သော စာသားဖြင့် လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ဆန္ဒပြ လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မန္တလေးမြို့ ၂၆လမ်း စျေးချိုနာရီစင်နား ဆင်ကြီးနှစ်ကောင်ရှေ့တွင် Voice Of Mandalay က မင်းအောင်လှိုင်M A Lဟု သွေးတုဖြင့် စာရေးသားခဲ့ပြီး တော်လှန်ရေးစာရွက်များကို ကြဲချကာ နံရံများ၌လည်း ပြည်သူများအား သတင်း၏ အရေးပါပုံကိုသိရှိစေရန်အတွက် ကပ်ခဲ့ကြောင်း သိရှိရသည်။


