ကျိုက်ထိုမြို့နယ်ရှိ ကော်ကပ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကော်ကပ်ရွာ စာသင်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း White Dragon -P29904 (WD) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့နယ် ကော်ကပ်ရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကော်ကပ်ရွာ စာသင်ကျောင်း ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘဲ စစ်တပ်က ဗုံးကျဲသွားတာပါ။ ကော်ကပ်ရွာ စာသင်ကျောင်းကတော့ ပျက်စီးသွားပြီး လူတော့ ထိခိုက်မှု မရှိပါဘူး” ဟု White Dragon -P29904 (WD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


