ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်း၊ ချောက်မြို့ အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်ရှိ စစ်တပ် တပ်စွဲထားသော မြို့နယ်လျှပ်စစ်ရုံးဝင်း အတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောက်မြို့ရှိ အမှတ် ၁၅ နယ်မြေ စံပြမြို့သစ် ရပ်ကွက်တွင်ရှိသော မြို့နယ်လျှပ်စစ်ရုံးဝင်း အတွင်းကို လက်ပစ်ဗုံး ၁ လုံး နှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးထိခိုက်မှုက မရှိလိုက်ဘူး။ စစ်ခွေး အင်အား လေးငါးယောက်လောက်ပဲရှိမယ်ထင်တယ်။ အဆောက်အဦး အနည်းငယ်တော့ ထိခိုက်မှုရှိပါတယ်” ဟု အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးသည် မြို့ပြ မဟာမိတ်များ ပူးပေါင်းပြီး ပြည်သူ လူထုအပေါ် ဖိနှိပ်နေသည့် စစ်တပ် ဒေါက်တိုင် ယန္တရားများကို တိုက်ခိုက်သည့် စစ်ဆင်ရေးဖြစ်ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် မဟာမိတ်ရဲဘော်များ ထိ ခိုက် မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မဟာမိတ် တပ်ဖွဲ့များအနေဖြင့် ပြည်သူ လူထုကို အကြမ်းဖက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကဆက် လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် Chauk Guerrilla Force (CGF) Kyaukpadaung Special Defense Force တို့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ – ချောက်မြို့တွင် စစ်ဆေးရေးလုပ်ငန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
