26 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့ဖျက် ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ၁ လကျော်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦး ဖမ်းဆီးသတ် ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်၍ တနင်္သာရီမြို့နယ် အတွင်းရှိ သိမ်ခွန်းရွာ၊ ဘန်လောရွာနှင့် ထုံမခါရွာကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ် ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျောက်ရှိ ကျေးရွာများမှ အရပ်သား ပြည် သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျောက်ရှိ အရပ်သား ပြည်သူ ၅ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ထုံမခါရွာဘက်မှ နေအိမ် ၇ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ စစ်ကြောင်းထိုးနေတာတော့ တစ်လကျော်ပြီ သိမ်ခွန်းရွာဘက်၊ ဘန်လောရွာဘက်၊ ထုံမခါရွာဘက် နေရာ အစုံကနေ စစ်ကြောင်းထိုးနေတာ ဒီနေ့အထိ စစ်ခွေး စစ်ကြောင်းက ရှိနေတုန်းပါပဲ။ ထုံမခါရွာဘက်မှာ စစ်ခွေးတွေက နေအိမ် ၇ လုံးကျော်ကို မီးရှို့ဖျက်စီးခဲ့တယ်။ နောက်ပြီး ကျနော်တို့ သိရသလောက် ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာ စုစုပေါင်း ၅ ယောက်ထက်ပိုတယ်။ ဘယ်ကျေးရွာက ပြည်သူတွေဆိုတာနဲ့ အမည်တွေကို ကျနော်တို့ အတိ အကျ သိရအောင် ဆက်လက် စုံစမ်းဆဲနေပါတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူက ပြောဆိုသည်။

တနင်္သာရီမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးရင်းဖြင့် စစ် ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာနေ ပြည်သုများကို ဖမ်းဆီးသတ် ဖြတ်ခြင်း၊ နေအိမ်များကိုဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်နေသောကြောင့် စစ်ဘေးရှောင်ပြည်သူများ သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာတစ်ရွာ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာတစ်ရွာ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article