30.5 C
Yangon

ညောင်ရွှေမြို့နယ်၊ ရေပူရွာ စာသင်ကျောင်းနှင့် နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်

Must read

ညောင်ရွှေမြို့နယ်၊ ရေပူရွာ စာသင်ကျောင်းနှင့် နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာ စာသင်ကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေပူရွာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က ရေပူရွာကို လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ရေပူရွာကို လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article