24.6 C
Yangon

ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဆီကားနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီး

Must read

ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဆီကားနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဆီကားနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်နှင့် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီသယ်ယူသည့် ကား ၂ စီးနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

” မုဋောအရှေ့ရွာ ဆိပ်ကမ်းကို စစ်ခွေးတွေက လေကြောင်း‌တိုက်ခိုက်ခဲ့တာပါ။ ဒီဇယ်ဆီ သယ်ယူတဲ့ ကား ၂စီးနဲ့ ဆိုင်ကယ်တွေ မီး‌လောင်သွားတယ်။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ အခု ညနေ ၅ နာရီ ၁၅ မိနစ်မှာလည်း ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက်ခံရပါတယ်။ ပထမအကြိမ် လေကြောင်း တိုက်ခိုက်ခံရတာက Mig 29 အမျိုးအစားနဲ့ လာကျဲသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article