30 C
Yangon

တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှုမရှိဘဲ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပလျှင် အသိအမှတ်ပြုမှု မရသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သတိပေး

Must read

တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှုမရှိဘဲ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပလျှင် အသိအမှတ်ပြုမှု မရသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သတိပေး

🟥 မြန်မာနိုင်ငံက အာဆီယံအတွက် ဖြေရှင်းရန်ခက်ခဲသော အရေးကြီး ပြဿနာတစ်ရပ်ဖြစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားများအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှု မရှိဘဲ ရွေး ကောက် ပွဲကျင်းပရေး ပြောဆိုနေလျှင် အသိအမှတ်ပြုမှု မရသော ဆုံးရှုံးမှုသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သတိပေးပြောဆိုသည်။

မလေးရှား Bernamaသတင်းဌာနနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာနိုင်ငံမှ အဓိကျသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ စတင်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“သူတို့က(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ) တောင်းဆိုချက်စာရင်းအရှည်ကြီးနဲ့ လာတယ်၊ ဒါပေမယ့် လက်တွေ့ကျတဲ့ တောင်းဆိုချက်ခပ်နည်းနည်းလောက်နဲ့ ပြန်လာဖို့ ကျနော် တောင်းဆိုခဲ့တယ်” ဟု ဘန်ကောက်ရှိ မလေးရှား အစိုးရပိုင် Bernama သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် သက်ဆင်က ပြောကြားသည်။

မြန်မာစစ်ကောင်စီအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး အကြောင်း မပြောဆိုမီ တိုင်းရင်းသားများအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး ချည်းကပ်မှု လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထိုသို့မဟုတ်လျှင် ရွေးကောက်ပွဲသည် အသိအမှတ်ပြုမှု မရဘဲ ဆုံးရှုံးမှု သာဖြစ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံအတွက် ဖြေရှင်းရန်ခက်ခဲသော အရေးကြီး ပြဿနာဖြစ်လာနေကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ယခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်၏ အကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

မလေးရှားဝန်ကြီးချုပ်၏ အကြံပေး မဖြစ်လာမီ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ယမန်နှစ် မတ်လနှင့် ဧပြီလအတွင်း ချင်းမိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံဥက္ကဋ္ဌ မလေးရှား၏ ဦးဆောင်မှုအပေါ် ယုံကြည်မှုရှိကြောင်း သက်ဆင်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article