35 C
Yangon

စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင်

Must read

စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကရင်နီပြည်အခြေစိုက် KNDF ထံသို့ စစ်တပ်ဘက်မှ စစ်မှု ထမ်း တပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း KNDF တပ်ရင်းအမှတ် ၃ လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်မှ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသူ ၅ ဦးနှင့် ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ ထွက်ပြေး လွတ်မြောက်လာသူ တပ်သား ၈ ဦးစုစုပေါင်း ၁၃ ဦး အလင်းဝင်လာကြောင်း သိရှိရသည်။

“မိုးဗြဲမြို့ကို ပို့ခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေပါ၊ အဲဒီမိုးဗြဲတပ်ထဲကနေ ပြေးလာတဲ့ သူတွေ ဖြစ်ပါတယ်။ ကလေးစစ်သားတွေ ပါတာက အခုပြေးလာတဲ့သူတွေထဲမှာ ပါလာတာတော့ မဟုတ်ပါ ဘူး၊ အရင်ကတည်းက စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရထဲမှာ ကလေးစစ်သားတွေပါ‌ ခေါ်သုံးထား တယ်ဆိုတာမျိုး ကို ကျနော်တို့ သိရှိရတယ်ပေါ့၊ လက်ရှိပြေးလာတဲ့သူတွေကိုတော့ အသေး စိတ် မမေး ရသေးဘူး” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ရှင်းပြသည်။

ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ပြည်သူ့စစ်မှုထမ်းများအားလုံးနီးပါးမှာ တပ်ထဲသို့ ဝင်ရန် ဆန္ဒမရှိဘဲ စစ်တပ်နှင့် ၎င်းတို့၏ လက် ကိုင်တုတ် အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ အတင်းအဓမ္မ စစ်ထဲ ဆွဲသွင်းစုဆောင်း ခြင်းခံရသူများဖြစ်ကြပြီး အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်ကြောင်း သိရှိရသည်။

ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်းအစပ် မိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာ စစ်မြေပြင်ကိုစွန့်ခွာ၍ တော် လှန်ရေးတပ်များထံ ထွက်ပြေးခိုလှုံမှု များပြားလာကြောင်း၊ အပတ်စဥ်အလိုက် ပြည်သူ့စစ်မှုထမ်းများနှင့် ရှေ့တန်းစစ်မျက်နှာ ပြင်မှ ထွက်ပြေးလွတ်မြောက်လာသော ပြည်သူ့စစ်မှုထမ်းတပ်သားများစွာကို KNDF က လက်ခံရရှိခဲ့ပြီး ကောင်းမွန်လုံခြုံစွာ ထားရှိကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်တွင်း စစ်မြေပြင်များသို့ ပို့ဆောင်ခံရသူအများစုမှာ စစ်ကိုင်း တိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဘားအံမြို့၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အစရှိသည့်နေရာများ၌ နေထိုင်ကြသူများဖြစ်ကြပြီး ၃ လကြာအခြေခံစစ်သင် တန်းပေး၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွတ်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများ၊ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ၊တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းများ မခံရစေရန်အတွက် အထူးသတိပြုနေထိုင်ကြပါရန်နှင့် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာပြင် သို့ ပို့ခံရပါက နီးစပ်ရာတော် လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံကြပါရန်၊ KNDF အနေဖြင့် စစ်ကောင်စီ၏ အာဏာရှင်စနစ်ဆိုးအား အမြန်ဖြုတ်ချ၍ ပိုမိုကောင်းမွန်အကျိုးရှိသော စနစ်သစ် ၊ နိုင်ငံသစ် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့်အတူရပ်တည်၍ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article