30 C
Yangon

ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်တပ်အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ခင်မွန်(မြပုလဲ) အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Snipe Rangers Force (Local – PDF) ၏ တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော်ဆလိုင်း) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် Snipe Rangers Force (Local – PDF) က ၆၀ မမ ၃ လုံး အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၎င်းဒဏ်ရာရရှိသူထဲမှ ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခင်မွန် (မြပုလဲ) က PDF တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်တာမျိုး ရှိသလို လက်ရှိ ပေါ်တာ ဆွဲနေတဲ့ စစ်ခွေး အထိုင်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့ တရစပ် ပြန်ပစ်တာရှိပါတယ်”ဟု Snipe Rangers Force (Local – PDF) ၏တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော်ဆလိုင်း) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မူကို Snipe Rangers Force (Local – PDF) ၊ PGC နှင့် ရပ်ကျေး ပ.က.ဖ များမှ ပူးတွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Snipe Rangers Force (Local – PDF) အနေဖြင့် လက်နက်ငယ် (မောင်းပြန်) ၂ လက် အရေးပေါ် ဝယ်ယူဖြည့်တင်းနိုင်ရန်အတွက် ထောက်ပံ့မူများ လိုအပ်လျက်ရှိပြ ဆက်သွယ် ထောက်ပံ့လိုပါက Telegram – +66628701039 သို့ ဆက်သွယ်၍ ထောက်ပံ့နိုင်ကြောင်း Snipe Rangers Force (Local – PDF) ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article