35 C
Yangon

မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် မိသားစုဝင် ၇ ဦးလုံးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရ

Must read

မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် မိသားစုဝင် ၇ ဦးလုံးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၃ ဦးအပါအဝင် မိသားစုဝင် ၇ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၁၉ မိနစ်ခန့်တွင် မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာ အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဝက်ယင်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးမောင်ဦး ၊ အသက် ၅၆ နှစ်အရွယ် ဒေါ်အိုက်ဆော ၊ အသက် ၂၅ နှစ်အရွယ် ဦးဆိုင်းလျန်း ၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ချယ်ရီထွေး ၊ အသက် ၃ နှစ်အရွယ် မကာလိယ ၊ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီဆား နှင့် အသက် ၉ နှစ်အရွယ် မောင်းအောင်လင်းထက် တို့ မိသားစုဝင် ၇ ဦးလုံးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် နန်းအီရွာမှာလည်း ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

” ဘာတိုက်ပွဲမှမရှိဘဲနဲ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲသွားတာ မိုးမောက်မြို့နယ် နန်းအီရှမ်းရွာကို တံတားဦးက တက်လာသော ဂျက်ဖိုက်တာ ၁ စီး နဲ့ ဗုံး ၂ လုံးကျဲချတယ်။ ဝက်ယင်းရွာကိုလည်း ဗုံး ၂ လုံးကျဲချတယ်။ ဝက်ယင်းရွာက နေအိမ် တစ်လုံးပေါ် ဗုံး ၁ လုံးတဲ့တဲ့ကျပြီး မိသားစုဝင် ၇ ဦးစလုံး သေဆုံးခဲ့တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article