ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာရှိ ကွမ်းသီးတောဘုရားကုန်း နှင့် ကွမ်းသီးခြံတစ်ခုတွင် အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ရေးဘီဘူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နဲ့ Battle ပြိုင်ဆိုင် ပစ်တဲ့အချိန်မှာ သူတို့ဘက်က ကာဗာ မရှိတော့ဘူး။ သူတို့က ကွမ်းခြံထဲ ပြန်ရောက်သွားတယ်။ ကွမ်းခြံက ကာဗာမရှိတော့ သူတို့ဘက်က ထိခိုက်ကျဆုံးမှုလည်း ရှိနိုင်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန်လာဖို့တော့ ရှိတယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်စခန်းတွင် အမှတ် ၁၉ တပ်မ ၊ ၅၈၆ တပ် နှင့် ၁၀၆ တပ်မ တို့က ပူးပေါင်းကာ အထိုင်ပြုလုပ်ထားခြင်းဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၇ နှင့် အပတ်စဉ် ၈ မှ သင်တန်း ဆင်းလာသူများလည်း ရောကာ အဆိုပါ နေရာများကို အထိုင်ချထားကြောင်း၊ ယင်း အကြမ်းဖက် စစ်သားများ ပြန်လည် ဆုတ်ခွာခြင်းမရှိပါက ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။
ထို တိုက်ခိုက်မှုကို ရေးဘီလူးတပ်ရင်း တပ်ခွဲ ၂ မှ စတင်ဝင်ရောက်ထိုက်ခိုက်ခဲ့ပြီး ဒရုန်းတပ်စိပ် အပါဝင် မြေပြင်တိုက်ခိုက်ရေးတပ်ခွဲများ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
