ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မဂျီရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မဂျီရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး ပူးပေါင်း အဖွဲ့က ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီ မြေပြင်မှလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မဂျီကျေးရွာ အထိုင်မှာက စစ်ခွေးနဲ့ ပျူစောထီး အင်အား ၅၀ လောက်ရှိတယ်။ ကျနော်တို့ 925 နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာပေါ့။ မြေပြင်ကလည်း တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားသေးတယ်။ စစ်ခွေး အသေများတယ်။ ဒေသ ပြည်သူတွေ သတင်းပို့တာတော့ ထိခိုက်သေဆုံးနဲ့ စစ်ခွေး ၁၀ ကောင်ရှိတယ်။ ဒဏ်ရာရရှိတာတွေလည်း များတယ်။ တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေရှိတယ်” ဟု 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) နှင့် ငါန်းဇွန်မြို့နယ် ပကဖ (တိုက်နယ်-၁)၊ ဧရာမြွေပွေး ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ) နှင့် ပြည်တော်ဝင်ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား၍ အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် လေးကြောင်းသတိ အသိရှိစွာနေပေးကြပါရန် 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
