32 C
Yangon

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မိုးကုတ်နှင့် ဖားကန့် နယ်မြေများ အပါအဝင် သယံဇာတတူးဖော်ရေးလုပ်ငန်းများ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် အထူးသတိပြုရန် အရေးကြီးဟု နေပြည်တော်တပ်သတင်းရင်းမြစ် သတိပေး

Must read

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မိုးကုတ်နှင့် ဖားကန့် နယ်မြေများ အပါအဝင် သယံဇာတတူးဖော်ရေးလုပ်ငန်းများ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် အထူးသတိပြုရန် အရေးကြီးဟု နေပြည်တော်တပ်သတင်းရင်းမြစ် သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မိုးကုတ်နှင့် ဖားကန့် နယ်မြေများ အပါအဝင် သယံဇာတတူးဖော်ရေးလုပ်ငန်းနယ်မြေများတွင် လေကြောင်း အန္တရာယ် အထူးသတိပြုရန် အရေးကြီးကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတိပေးပြောဆိုသည်။

စစ်ကောင်စီက နိုင်ငံတော်အတွင်းရှိ ဒေသအချို့တွင် ဖြစ်ပေါ်လျက်ရှိသော တိုက်ခိုက်မှုများ၊ လက်နက်ကိုင်မှုများကို အခွင့် ကောင်းယူကာ နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ထုတ်ယူနေကြပြီး လက်နက်ကိုင်များကို ထောက်ပံ့ခြင်းများကို လုပ်ဆောင်နေကြကြောင်း၊ သယံဇာတပစ္စည်းများကို ထုတ်ယူကြရာတွင် ဒေသခံပြည်သူများကို ငွေကြေးဖြင့် ဆွဲဆောင်စည်းရုံးကာ အလုပ် လုပ်ကိုင်စေလျက်ရှိကြောင်း၊ သယံဇာတပစ္စည်းများကို ထုတ်ယူနေကြခြင်းကို စိစစ်ဖော်ထုတ်၍ လိုအပ်သလို တိုက်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အထူးသတိပြုရှောင်ရှားကြရန် နှိုးဆော်ချက်ကို ယနေ့ ၎င်း၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။

“ဒီကြေညာချက်အရရော လာမယ့်ဖေဖော်ဝါရီလနှောင်းပိုင်းနဲ့ မတ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်ဖို့ ညွှန်ကြားချက်တွေရှိနေပါတယ်။ အဲဒါကြောင့် မိုးကုတ်နဲ့ ဖားကန့်လို နေရာမျိုးတွေ၊ ပဲခူးရိုးမဘက်က သစ်ထုတ်လုပ်ရေးနယ်မြေတွေနဲ့ ရွှေတူးဖော်ရေးတွေလို သယံဇာတ တူးဖော်ရေးနယ်မြေတွေမှာ လေကြောင်းရန် အထူးသတိပြုဖို့လိုပါလိမ့်မယ်” ဟု နေပြည် တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုမှုနှင့် ဒရုန်းသင်တန်းသားများကို တိုးချဲ့လာသည့်အပြင် လေကြာင်းတိုက်ခိုက်မှုအတွင်း အသုံးပြုသော ဗုံးများမှာလည်း ယမ်းအားမြှင့်တင် အသုံးပြုလာကြောင်း၊ ပေါက်ကွဲမှုအားပိုမိုပြင်းထန်သော ဗုံးများကို တိုးမြှင့် ထုတ်လုပ်နေသဖြင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ပြည်သူများ အထိအခိုက် ပိုမိုများပြားနိုင်သဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

“ဒရုန်းနည်းပညာပိုင်းတွေလည်း ပိုကောင်းလာတယ်။ နောက်တစ်ခုကတော့ တိုက်လေယာဉ်မှာသုံးတဲ့ ဗုံးတွေကိုလည်း ပြည် တွင်းမှာပဲ ထုတ်လုပ်ပြီး ယမ်းအားမြှင့်ဗုံးတွေ တိုးထုတ်နေပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- မန္တလေး PDF က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article