ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နှင့် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တို့ရှိ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ရာ ဘုန်းကြီးကျောင်းများ ပျက်စီးမီးလောင်ခဲ့ကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန် စစ်ကောင်စီတပ်က ဒရုန်းကိုအသုံးပြုပြီး နောင်ချိုမြိုနယ် အုမ္မတီးကျေးရွာ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံး ၄ လုံး လာရောက်ကျဲချတိုက်ခိုက်သဖြင့် ဘုန်းကြီး ကျောင်းဆောင်အများအပြား ပျက်စီးမီးလောင်သွားခဲ့ကြောင်း သိရှိရသည်။
“ဘုန်းကြီးကျောင်းတွေပေါ်ကို တမင်ဗုံးလာကျဲတာ။ အဲဒီမှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပါဘူး” ဟု နောင်ချိုမြို့မှ ဒေသ သတင်း ရင်းမြစ်က ပြောဆိုသည်။
အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဆက်စပ် ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ချိန်တွင် ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမရှိဘဲ ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



