အညာဒေသရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုကို ကျောင်းအတွက် လိုအပ်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် ငွေကြေးလှူဒါန်း
အညာဒေသရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုကို “လူငယ် လွတ်မြောက်ရေး အဖွဲ့-YLA” က ကျောင်းအတွက် လိုအပ်ပစ္စည်းများ၊ ကျောင်းနေ စာသင်ကျောင်းသူ/သား များအတွက် စာရေးကိရိယာများနှင့် ပြည်သူတို့လှူဒါန်းသော အလှူပစ္စည်း/ငွေကြေးများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကျောင်းနေ ကျောင်းသားများနှင့် YLAရဲဘော်များ ရင်းနှီးစွာ ဘောလုံးပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ/သား များနှင့် တော်လှန်ရေး၊နိုင်ငံရေး၊လူငယ်၊ကျောင်းသားရေးရာများအား အတူတကွအပြန်အလှန် ပညာယူကာပူးပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


