Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ထိုင်းနိုင်ငံ၊ OCTA Food စက်ရုံက မြန်မာအလုပ်သမားတွေကို စစ်မှုထမ်းဆင့်ခေါ် ရင် အလုပ်ထွက်ကာ မြန်မာပြည်ပြန်ဖို့ သဘောတူညီပါတယ်ဆိုတဲ့ အလုပ်စာချုပ်တွေကို စစ်ကောင်စီမြန်မာသံရုံးက လက်မှတ် ထိုးခိုင်းနေတယ်လို့ အဲ့ဒီစက်ရုံက မြန်မာအလုပ်သမားတချို့ ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ဦး လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော် ပါသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
