29 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာမှာ သန်းခေါင်စာရင်းကို အခြေခံပြီး ခေါ်ယူတဲ့ စနစ်ကို ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာတွေပါ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်သလို ၊ အဲဒီလို သူတို့ခေါ် တဲ့အချိန် စစ်မှုထမ်းဖို့ ပျက်ကွက်ရင်တော့ အမည်ပျက်နဲ့ ၀ရမ်းထုတ်ခံရမယ့်စာရင်းထဲ ထည့်သွင်းတော့ မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။

ပဲခူးတိုင်းက လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်းရမယ့် လူငယ် စာရင်းတွေကို ထွေ/အုပ်ရုံးဆီ သွားပို့တဲ့ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားတဲ့အပြင် သူ့ဆီကနေ လက်ပစ်ဗုံး ၂ လုံးနဲ့ စာရင်းစာရွက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် PDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ လင်းတဲကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ပြည်သူ ၁၃ ဦးက ထိခိုက်ဒဏ်ရာတွေ ရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article