ချောင်းဦးတွင် ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကြောင်းကို မကျည်စု သုဿန်တွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မကျည်စု သုဿန်တွင် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် ချောင်းဦးမြို့ ထွေ/အုပ်ရုံးမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဒေါ်စန်းဌေး ဘော်ဒါကို ရောက်ရှိလာပြီး ကင်မွန်တော် ပျူစောထီးရွာကို အင်အား ၇၀ ခန့်ဖြင့် ရိက္ခာပို့ရန်လာရောက်စဉ် မကျည်စု သုဿန် အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရှိသူများလည်း များပြားကြောင်း၊ ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သားများကို ထွေ/အုပ် ရုံး၌ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများက လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားကတော့ နှစ်ကြောင်းပေါင်း ၇၀ ခန့်ရှိတယ်။ စစ်ခွေးသေစာရင်းကတော့ မသိရသေးပါဘူး။ စစ်ခွေး သေတာ ခန့်မှန်းကတော့ ၃ ကောင်တော့ သေတာ သေချာပါတယ်။ ခွေးစစ်ကြောင်းက ရှေ့ဆက်မတိုးဘဲ နောက်ပြန်ဆုတ်သွားပါတယ်”ဟု BLDF တပ်ခွဲ အညာမိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
