34 C
Yangon

ချောင်းဦး-မြင်းမူ လမ်းတွင် နတ်ရေကန် စစ်တပ် အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် နတ်ရေကန် အကြမ်းဖက် စစ် တပ် အထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက် ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာ-မန္တလေး လမ်းမကြီး‌၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ နတ်ရေကန် အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ Express ကား ၂ စီးဖြင့် ထွက်လာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း၊ တိုက် ပွဲ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော် ၁ ဦး ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကြေးနီတွေ သယ်ဆောင်လာတဲ့ ကားတွေနဲ့ အတူ စစ်ခွေးတွေ လိုက်ပါလာတဲ့ သံချပ်ကာ ကားတွေ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ ဆိုတဲ့ သတင်းကြောင့် ကျနော်တို့ တော်လှန်ရေး ပူးပေါင်း ရဲဘော်တွေ ချောင်းဦး-မြင်းမူ လမ်းပိုင်း တစ်နေရာတွင် အသင့်စောင့်ဆိုင်းနေတုန်း နတ်ရေကန် စစ်ခွေး အထိုင်စခန်းကနေ အက်အား ၄၀ ခန့်နဲ့ စစ်ခွေးတွေ Express ကား ၂ စီးနဲ့ ကျနော်တို့ ရဲဘော်များ အနီးကို ရောက်ရှိလာလို့ တိုက်ပွဲဖြစ်ပွားတာ တိုက်ပွဲက မိနစ် ၃၀ ခန့်ကြာတယ်။ တိုက်ပွဲမှာ စစ်ခွေး ၂ ကောင်သေပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း များတယ်လို့ သိရတယ်” ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ် ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ် ခွဲ-၃ ၊ Nway Oo Brothers Column၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း၊ တပ်ခွဲ -၃ နှင့် Eleven People Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article