28 C
Yangon

ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး၊ ဝန်ထမ်းနှင့် စစ်တပ်အနွှယ်ဝင်များ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဟုဆို

Must read

ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး၊ ဝန်ထမ်းနှင့် စစ်တပ်အနွှယ်ဝင်များ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ၅၉၁ တပ်နှင့် ၅၈၃ တပ်များကို ဂရုမစိုက်၍ ကျောင်းရွာလမ်းမကြီးပေါ်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ထံမှ သိရှိရသည်။

” စကစ အသိုင်းအဝိုင်းဘက်က ဖမ်းမိတာမျိုးတော့ မရှိဘူး။ မိခဲ့မယ်ဆိုရင် အစစ်အဆေးပြုလုပ်တဲ့ ကာလတွေတိုင်း ဒီနေရာမှ မဟုတ်ဘူး ဝန်ထမ်းအပေါင်းအပါနဲ့ စကစ မျိုးနွှယ်စုတွေ ဖမ်းမိခဲ့မယ်ဆိုလို့ရှိရင် ရေးဘီလူးတပ်ရင်းက ပြန်လွှတ်မှာ မဟုတ်ဘူး။ စစ်တပ်အသိုင်းအဝိုင်းက မိသားစုဝင်တွေ ရွှေ့ပြောင်းတာရှိရင်လည်း ကျွန်တော်တို့ကို အဆိုးမဆိုနဲ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်ဘက်မှ တော်လှန်ရေးဘက်တော်သားများ ၊ ထောက်ပို့များကို ဒုက္ခပေးနေသည့်အတွက် အကြမ်းဖက်စစ်တပ်၏ မိသားစုဝင်များ၊ ဝန်ထမ်းအပေါင်းပါများ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဘဲ ပြတ်သားစွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကြိုတင်၍လည်း ထုတ်ပြန်ချက်ထုတ်ပြန် သတိပေးပြီး ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article