ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် ဗောဓိတာဝါတိုင်ကုန်း စခန်းသိမ်း တိုက်ပွဲသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်းများနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိန်ခန့်အချိန် မုံရွာမြို့နယ်၊ MRTV အသံလွှင့် ဗောဓိတာဝါတိုင်ကုန်း (စခန်းသိမ်း) တိုက်ပွဲကို စစ်တပ် စစ်ကြောင်းများ စစ်ကူလာမည့် လမ်းကြောင်းများနှင့် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော GTC ဂိတ်၊ မအူဂိတ်၊ စွမ်းရည်ထက် ဆီဆိုင်နှင့် တောပုပျူစောထီးရွာ တို့ကို တော် လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၈ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ အဓိက သူတို့ စစ်ကူထွက်မလာအောင် ဒရုန်းနဲ့ ပတ်ပတ်လည်ချပေးရတာပါ။ GTC ၊ မအူ ၊ စွမ်းရည်ထက်တို့မှာက စစ်ခွေးအင်အား ခန့်မှန်းခြေ ၄၀ လောက်တော့ရှိမယ်။ တောပုပျူစောထီးရွာကတော့ ခွေးအင်အား ခန့်မှန်းရ ခက်တယ်။ ခွေးတွေဘက် ထိခိုက်ပျက်စီးမှုတော့ မသိဘူး။ ကျနော်တို့ ဒရုန်းတစ်စီး ဆုံးခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ဒီတစ်ခါပွဲမှာတော့ အောင်မြင်တယ်လို့ ပြောရမှာပဲ။ ဖြတ်တောက်ရေးပိုင်းမှာ အောင်မြင်မြင် လုပ်နိုင်တယ်။ ရှေ့တန်းတိုက်တဲ့ သူတွေကလည်း၊ အောင်မြင်မြင်တိုက်နိုင်တယ်ဆိုတော့ ဒီတစ်ခါကတော့ အောင်ပွဲ ရတဲ့ပုံစံမျိုးပေါ့။ ကျနော်တို့ ဆုံးရှုံးခဲ့တာတွေနဲ့လည်း တန်တယ်လို့ ပြောရမှာပေါ့။ ဒရုန်းတွေ ဆုံးရှုံးခဲ့ရတာတွေလည်း စခန်းရတော့ တန်တယ်ပေါ့”ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် Chindwin Dynamite (Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃တောင်ပံနီအထူးပျောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၄ Drone တပ်ဖွဲ့၊ SSTF/ ဗျူဟာ ၄၄ တပ်ရင်း ၁၄၊၁၅၊ KLG/ ဗျူဟာ၄၂ ဗျူဟာ ၄၅ ၊ ဗျုဟာ၄၇ ၊Brave Heart Army -Local တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲတွင် ဒရုန်းဆုံးရှုံးခဲ့ရသည့်အတွက် ပြန်လည်ဝယ်ယူ တိုက်ပွဲဝင်ရန်အတွက် ပြည်သူများနှင့် ပြည်တွင်းပြည်ပထောက်ပို့များမှ လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း ကိုဗိုက်က ဆက်လက်ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်ကမ်းတွင် ဘန်ကာ တည်ဆောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃နာရီ ၅၅ မိနစ်ခန့်အချိန် ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်ကမ်းတွင် ဘန်ကာ တည် ဆောက် နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း (ပကဖ) က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိသည်။
“Drone ၁ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်ခွေး ထိခိုက်မှုတော့မသိရပါဘူး။ ဘန်ကာဆောက်နေတာကတော့ ပျူစောထီးအဖွဲ့တွေလို့သိရပါတယ်။ ကြီးကြပ်အနေနဲ့ကတော့ စစ်ခွေးနဲ့ ရဲခွေးတွေတော့ ပါမယ်ထင်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

